သတင်းများ

ဝမ်းတွင်းမြို့နယ်၌ တရားမဝင်ဓာတ်အားသုံးစွဲမှု ပပျောက်ရေး ကွင်းဆင်းစစ်ဆေး
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တရားမဝင်ဓာတ်အားသုံးစွဲမှု ပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ပုလောမြို့နယ် အမှတ်(၂)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖျန်းခြင်းများဆောင်ရွက်
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့ အမှတ်(၂) ရပ်ကွက်အတွင်း ယနေ့နံနက် ၇ နာရီက ခြင်ဆေးဖျန်းခြင်း၊ အဘိတ် ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်မှုလယ်ယာစနစ်ကူးပြောင်းပြီး မိုးစပါးများကို ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်၊ လက်စွဲကောက်စိုက်များအသုံးပြု၍ စိုက်ပျိုး
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါးသီးနှံများစိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ကူးပြောင်း၍ စပါးသီးနှံများစိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အား ရှားပါးမှုပြဿနာဖြေရှင်းနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီပြီး ပန်းတိုင်အထွက်နှုန်းရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်သည့်အတွက် ကောက်စိုက်စက်များအသုံးပြု၍ ပြောင်းလဲစိုက်ပျိုးလျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ပံကျေးရွာ အုပ်စု ကွင်းအမှတ်(၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်တို့ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာယာဝတီမြို့နယ်၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 21,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပခဲ့​သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မုဒုံမြို့နယ်ဘဏ်ခွဲ)မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး
Jul 21,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စိန်တောင်၊ ဒိုးမား၊ ဆက်သွယ်၊ တောင်ပ၊ နိုင်လှုံကျေးရွာများရှိ ဒေသခံတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မုဒုံမြို့၌ ဆက်လက်ထုတ်ချေးပေးသည်။
မုဒုံမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ
Jul 21,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့က မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ ကျင်းပသည်။
နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား UID ကတ်များ နေ့ချင်းပြီးကွင်းဆင်းရွက်ပေး
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ယနေ့နံနက်  ၇ နာရီခွဲအချိန်က နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကိုနေ့ချင်းပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။