ကွန်ဟိန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှကြီးမှူး၍ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ မဲရုံဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် ရွေးကောက်ပွဲ၌ မဲပေးခြင်းလုပ်ငန်းများ၊ မဲရေတွက်ခြင်းလုပ်ငန်းများ အောင်မြင်စွာပြီးမြောက်ချောမွေ့နိုင်စေရန်အတွက် (MEVM) မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာမှ (MEVM) မဲပေးစက်အသုံးပြုနည်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဲပေးစက်အား လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြ(၄)ဦးမှ သင်တန်းပို့ချသွားမည်ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၀ ဦး တက်ရောက်သွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို (၂၁-၇-၂၀၂၅)ရက်နေ့မှ (၄-၈-၂၀၂၅)ရက်နေ့အထိ တစ်ဖွဲ့လျှင်(၂)ရက်စီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)