ဇီးကုန်း ဇူလိုင် ၂၁
“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID စာရင်းကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြန်မာ့စီးပွားရေးဘဏ်၌ UID ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးစေရန်အတွက် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရန်နှင့် ခေတ်မှီနည်းပညာအသုံးပြုနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e- Pension စနစ်နှင့်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးညွန့်လွင် ၊Biometric တာဝန်ခံ လက်ထောက်လဝကမှူး ဦးညီညီထွန်း၊ ယာယီစာရင်းကောက်ဦးသျှိုင်းဆက်ပိုင်သော်တို့မှ ဦးဆောင်၍ မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်ရုံးတွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇူလိုင်လ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)