သတင်းများ

လက်ပံတန်း၌ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ဇီဝဆိုင်ရာကိုယ်ရေး အချက်အလက်ကောက်ယူခြင်းနှင့် Smart Card များဆောင်ရွက်ပေး
Jul 21,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ပြုလုပ်ခြင်းကို လက်ပံတန်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးလျှက်ရှိသည်။
ကလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
Jul 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ကလောခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အ.ထ.က(ရွှေသောင်ယံ)တွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ရွှေသောင်ယံမြို့ ပြည်သူဆေးရုံရှိ ဒေါက်တာစည်သူနှင့် သပေါ့ကန်ကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ဆရာမများတက်ရောက်ပြီး အာဟာရဖြစ်စေသည့် အစာအုပ်စု(၃)အုပ်စုနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထားဝယ်မြို့၌ စာရေးဝန်ထမ်းများအတွက် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ စာရေးဝန်ထမ်းများအတွက် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယန်းခရိုင်၊ မိုင်း‌ယန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Jul 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ဝိန်းလိတ်ရပ်ကွက်ရှိ ရာပြည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ဇူလိုင်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့တွင် ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
Jul 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက ပွဲစဉ်များကို မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ခရမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Jul 21,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို လစဥ် ၂၁ ရက်နေ့မှ စတင်၍ လကုန်အထိ ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။