ပန်းတနော်မြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ယူကြမည့်လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းမှ ဆရာဦးလင်းမောင်မောင်ထွန်းက စာဖတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။