သာပေါင်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် သာပေါင်းမြို့နယ်၊ငါးဘတ်ချောင်း ကျေးရွာအုပ်စုတွင် ယနေ့ဇူလိုင်လ ၂၀ ရက်နေ့၊နံနက် ၁၀ နာရီခွဲအချိန်က သီရိမင်္ဂလာ မဟာစည်ရိပ်သာ ဆရာတော်အားသင်္ကန်း၊ နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပြီး၊မရမ်းကုန်းကျေးရွာ၌ ဆင်းသုခမျိုးသန့် (၅) ဧက စိုက်ပျိုးနေမှု၊လယ်တီကြီးကျေးရွာ၌ နယူးဧရာ-၁၁ (၃) ဧက၊ ရိုးဝကျေးရွာ၌ နယူးဧရာ-၁၁ (၂) ဧက စိုက်မျိုးနေမှုတို့အား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးရှေ့တန်းစခန်းတွင် တောင်သူများနှင့်တွေ့ဆုံခဲ့ကြသည်။
သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊မရမ်းကုန်းကျေးရွာ၊ သီရိမင်္ဂလာ မဟာစည်ရိပ်သာဘုန်းကြီးကျောင်း၊ ဆရာတော်ဥူးတေသနအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဝန်ကြီးတို့က ဖူးမျှော်ကန်တော့ပြီး သင်္ကန်း၊ နဝကမ္မ အလှူငွေဆက်ကပ်လှူဒါန်းကြသည်။
ထို့နေက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဝန်ကြီးတို့က ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာ၊ တောင်သူဦးကျော်လေး၏ ကွင်းအမှတ်(၈၁၂A)၊ ဦးပိုင်အမှတ် (၁၄/၂)၊ (၅) ဧက၌ ဆင်းသုခမျိုးသန့်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ကောက်စိုက်သမများအား အချိုရည်၊မုန့်များပေးအပ်ခဲ့ပြီးနောက် စိုက်ပျိုးရေးရှေ့တန်းစခန်း၊ ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမြင့်လွင်နှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့်တွေ့ဆုံပြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တိုးချဲ့ဆောင်ကိစ္စ၊ ဆေးပေးခန်းခြံစည်းရိုးကိစ္စ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များနှင့် ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်များတင်ပြမှုအပေါ် ရှင်းလင်းပြောကြား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ လယ်တီကြီးကျေးရွာ၊ တောင်သူဒေါ်လှမိုးခိုင်၏ ကွင်းအမှတ် (၈၁၅) ၊ ဦးပိုင်အမှတ် (၂၇)၊ (၃) ဧက၌ နယူးဧရာ-၁၁ စိုက်ပျိုးနေမှု၊ရုံးပင်ကျေးရွာအုပ်စု၊ ရိုးဝကျေးရွာ၊တောင်သူ ဦးဇော်ဝင်းထွန်း၏ ကွင်းအမှတ် (၈၁၄) ၊ ဦးပိုင်အမှတ် (၈/၂) ၊ (၂) ဧက၌ နယူးဧရာ-၁၁ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ကောက်စိုက်သမများအား အချိုရည်၊ မုန့်များပေးအပ်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း (ပြန်/ဆက်)