မြဝတီမြို့၌ အငြိမ်းစားမိဘပြည်သူများအား UID (Unique Identity) ကတ် ကွင်းဆင်းဆောင်ရွက်
Jul 21,2025
မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာ အသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) ကတ် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီမြို့နယ် ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။