ကြို့ပင်ကောက်မြို့တွင် ဌာနဆိုင်ရာများစုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ကြို့ပင်ကောက် ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို ‘နမောတဿ’ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဒုတိယဥက္ကဋ္ဌ သပြုပင်ကျောင်း ဆရာတာ် မဟာသဒ္ဓမ္မဇောတိကတဇဘဒ္ဒန္တ တေဇောဘာသထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြ၍ ကြွရောက်လာကြ‌သောသံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပရိတ်တရားနာယူ ဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများကဝါဆိုသင်္ကန်း (၃၄)စုံနှင့် လှူဖွယ်ဝတ္ထုငွေ စုစုပေါင်း ၅၅၀၀၀၀ ကျပ်အား အသီးသီးဆပ်ကပ် လှူဒါန်းကြပြီးကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချအနုမောဓနာတရားနာကြားပြီး ဗုဒ္ဓသာသနံစီရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဝါဆိုသင်္ကန်ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်အုပ်ချုပ် ရေးမှူးများအား နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြ ကြောင်း သိရသည်။

ဇေယျာထွန်း(ပြန်/ ဆက်)