သပိတ်ကျင်း သြဂုတ်-၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ကဘဲ့ရပ်ကွက်၊ဆုတောင်းပြည့် ကမ္ဘာအေးစေတီတော် မုဒ်ဦးရှေ့၌ ယနေ့နံနက်(၇း၀၀)နာရီအချိန်က ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်း၊ ကွမ်း၊ အခက်အခဲမဖြစ်စေရေးအတွက် ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်းလောင်းလှူခဲ့ကြောင်းသိရသည်။
ထိုသို့ဆွမ်းလောင်းလှူရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများနှင့်အလှူရှင်မိသားစုများမှ သပိတ်ကျင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်းမှ ဆရာတော်၊ သံဃာတော်နှင့်ရှင်သာမဏေစုစုပေါင်း အပါး(၈၀) ခန့်အား ကမ္ဘာအေးစေတီတော် မုဒ်ဦးရှေ့လမ်းမကြီးတွင် ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဝေယျာဝစ္စအတွက် ဝတ္ထုငွေများလောင်းလှူခဲ့ကြသည်။
အဆိုပါဆွမ်းလောင်းလှူပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများမှ စုပေါင်းလောင်းလှူခဲ့ကြပြီး ထိုသို့ဘုံဆွမ်းလောငဲးလှူပွဲကို ဝါတွင်းကာလ လပြည့်၊လကွယ်နေ့များတွင် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)