အိမ်မဲ သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်၌ မြို့နယ်အတွင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်များကိုလှူဒါန်းပေးခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေး လှိုင်က ကျေးရွာများရှိ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံပြီး စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်းကလှူဒါန်းပေးသည့် သုတ၊ ရသ စာအုပ် (၁၀၀) အား လှည်းဆိပ်တူးမြောင်းကျေးရွာရှိ သုတကမ္ဘာစာကြည့်တိုက်အားလည်းကောင်း၊ ကမန်းတောင်ကျေးရွာရှိ ကျေးလက်အလင်း စာကြည့်တိုက်များသို့ မြို့နယ်ဦးစီးအရာရှိက ပေးအပ်လှူဒါန်းခဲ့သည်။
ချစ်သက်လယ် (ပြန်/ ဆက်)