မူဆယ် ဩဂုတ် ၁
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သော ဓမ္မစကြာအခါတော်နေ့၊ နေ့ထူးနေ့ မြတ်တွင် မြန်မာဓလေ့ထုံးတမ်းအစဉ်အလာအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လွယ်တိန်ခမ်း တောင်ပေါ်တွင် ဘုရားဖူးမိဘပြည်သူများ၊ဥပုပ်သီလဆောက်တည်ကြသူများနှင့် အပန်းဖြေအနားယူကြသူ များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိပါသည်။
လွယ်တိန်ခမ်းတောင်သည် မူဆယ်မြို့နယ်အတွင်းရှိ အထင်ကရနေရာတစ်ခုဖြစ်ပြီး ရပ်တော် မူရပ်ပွားတော်မြတ်ကြီး၊ ပြည်တော်ပြန်ဘုရား၊ နဂါးရုံဘုရားနှင့်အပန်းဖြေအနားယူရန် ဉယျာဉ်၊ပန်းခြံများဖြင့် သာသနာ့နယ်မြေတစ်ခုဖြစ်ပါသည်။အဆိုပါ လွယ်တိန်ခမ်းတော်ပေါ်တွင် ယနေ့ ဓမ္မစကြာအခါတော်နေ့ (ဒုတိယဝါဆိုလပြည့်နေ့)တွင် ဌာနဆိုင်ရာများ ရုံးပိတ်ရက်၊ အလုပ်နားရက်ဖြစ်၍ ဆွမ်း၊ ပန်း၊ ဆီမီးနှင့်အမွှေး နံသာတိုင်များ ထွန်းညှိပူဇော်ပြီး ကုသိုလ်ယူကြသူများ၊ဥပုပ်သီလဆောက်တည်ကြသူများ၊ ဓမ္မစကြာပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ကြသောအသင်းများ၊ ဘုရားရင်ပြင်တော်ပေါ်သို့ သန့်ရှင်းရေး ကုသိုလ်ယူလုပ် ဆောင်ကြသူများ၊ ကိုးနဝင်းပုတီးစိပ်တရားထိုင် အဘိုးအဘွားများနှင့် စိတ်အနားယူအပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိပါသည်။ ထို့အတူ ဘုရားပန်းရောင်းချသော ပျံကျဈေးသည်များ၊ ဆီမီးနှင့်အမွှေးနံသာတိုင် အရောင်းဈေးသည်များနှင့် ဘုရားဖူးယာဉ်များ ယာဉ်ကျောပိတ်ဆို့မှုအတွက် ယာဉ်ကျောရှင်းလင်းရေးအဖွဲ့များဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိပါသည်။ ထို့အပြင် လွယ်တိန်ခမ်းတောင်ပေါ်အတက်လမ်းရှိ ဥယျာဉ်၊ ပန်းခြံများတွင်လည်း အလှဓာတ်ပုံရိုက်ကူးကြသူများ၊ ဘုရားဖူးစုံတွဲများနှင့် မိသားစုအလှဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားလျက်ရှိရာ ဘုရားသွားကျောင်းတက် မိဘပြည်သူများဖြင့် ပွဲတော်တစ်ခုကဲ့သို့ စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
မူဆယ်ခရိုင်(ပြန်/ ဆက်)