ဝါဆိုလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားစေတီကြီးများ ဘုရားဖူးပြည်သူများဖြင့် စည်ကား

စစ်ကိုင်း ဩဂုတ် ၁

စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင်ဆွမ်းဦးပုညရှင်မြတ်စွာဘုရာကြီးတွင် ဝါဆိုလပြည့်နေ့က အနယ်နယ်အရပ်ရပ်မှ ဘုရားဖုးပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးသည် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်စေတီတော်များ၏ ဝါတွင်းကာလ ဘုရားစဉ် ပွဲတော်များတွင် ပထမဦးဆုံးကျင်းပခွင့်ရသည့် စေတီတော်မြတ်ကြီးဖြစ်ပြီးနှစ်စဉ်ဝါဆိုလပြည့် နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

 “ဝါဆိုလပြည့်နေ့မှာ ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ပါတယ် ယနေ့နံနက်ပိုင်း(၅)နာရီကဆိုရင် ပွဲတော်အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး(၃၀၀) ကို စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုနှင့်အတူ ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့များ၊ အလှူရှင်မိသားစုများ၊ လူမှုရေးအင်းအဖွဲ့များကနေပြီး ဆွမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်လှူခဲ့ကြပါတယ် ယခုနှစ်မှာတော့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတွေ များ ပြားလာတာကိုတွေ့ရပါတယ် ဘုရားဖူးပြည်သူတွေ အန္တရာယ်မဖြစ်ပွားရအောင်လည်း တောင်တက်လမ်း အဆင်းလမ်း သက်မှတ်ပြီး တာဝန်ရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေကနေပြီး ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ် ညအိပ်နေဘုရားဖူးပြည်သူတွေကိုလည်း အဆင်ပြေအောင် ဘုရားဂေါပကအဖွဲ့များက ဆောင်ရွက်ပေးနေပါတယ်” ဟု ဆွမ်းဦးပုညရှင်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပြသည်။

အလားတူ စစ်ကိုင်းမြို့၏ မြောက်ဘက်(၅)မိုင်းခန့်အကွာ စစ်ကိုင်း-မုံရွာသွားကားလမ်းကြီး၏ ဘေးတွင်တည်ထားသည့် ကောင်းမှုတော်မြတ်စွာဘုရားစေတီတော်ကြီးတွင်လည်း အနယ်နယ်အရပ်ရပ် မှ ဘုရားဖူးပြည်သူများနှင့် စည်းကာလျှက်ရှိပြီး ရပ်ကွက်/ ကျေးရွာအတွင်းမှာလည်း ကုသိုလ်ကောင်းမှု ဥပုဒ်သီလသီတင်းဆောက်တည်သူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ ဆက်)