ဘီးလင်း သြဂုတ် ၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဘီးလင်းမြို့ပေါ် ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ်များအတွင်း ရေကြီးမှုများဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေကြီးမှုကြောင့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်မှ အိမ်ခြေ ၁၂၄ အိမ်ရှိ ကျား ၂၁၆ ဦး၊ မ ၂၉၇ ဦး၊ ဘိုးရာဇာရပ်ကွက်မှ အိမ်ခြေ ၁၀ အိမ်ရှိ ၊ ကျား ၂၁ ဦး၊ မ ၂၉ ဦး စုစုပေါင်း ၆၀၈ ဦးတို့အား ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၊ အဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းလင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေးဘေးရှောင်ပြည်သူများကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များကို ပေးအပ်ခြင်း၊ သက်ကြီးအဘိုး၊ အဘွားများအတွက်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများကို စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)