ငါးသိုင်းချောင်းမြို့ မိဿလင်ကျေးရွာအုပ်စု မိဿလင်ကျေးရွာတွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်(၁)လုံး သစ်ပင်ပိမှု့ဖြစ်ပွား

ငါးသိုင်းချောင်း  ဩဂုတ် ၁

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့မိဿလင်ကျေးရွာအုပ်စု မိဿလင်ကျေးရွာတွင်တွင် ယနေ့နံနက်(၁၁)နာရီ (၄၅)မီးနစ်အချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရသည်။

 အဆိုပါ မိုးရွာသွန်းပြီးလေပြင်းတိုက်ခိုက်မှုကြောင့် မိဿလင်ကျေးရွာရှိ ဦးကိုထွန်းပိုင်ဆိုင်သည့် သွပ်မိုး၊ထရံကာ ပျဥ်ခင်း လူနေအိမ်(၁)လုံး သစ်ပင်ပိမှု့ဖြစ်ပြီး၎င်းနေအိမ်ရှိမိသားစုများဝင် (၃)ဦးအား တာဝန်ရှိသူများက နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့၍ လိုအပ်သည်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ထိုသို့လေပြင်းတိုက်ခိုက်မှု့ကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)