ရမည်းသင်း ဩဂုတ် ၁
နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ၏ အမိန့်အမှတ်၊၅၁/၂၀၂၃နှင့် ၅၃/၂၀၂၃အရ၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား(၁၅၃ )ဦး၊အကျဉ်းသူ(၄၂)ဦးတို့အား ပြစ်ဒဏ်လျော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိအကျဉ်းထောင်ရိပ်သာတွင် ဩဂုတ်၁ ရက်မွန်းလွဲ ၂နာရီခွဲက ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ရမည်းသင်းအကျဉ်းထောင်တာဝန်ခံ အရာရှိဦးကျော်သူမှ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၅၁/၂၀၂၃နှင့် ၅၃/၂၀၂၃အား ဖတ်ကြားရှင်းလင်းကာ ရမည်းသင်းခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မင်းဟန်တိုကဆုံမဩဝါဒစကားပြောကြားပြီး ထောင်တာဝန်ခံအရာရှိက လွတ်ငြိမ်းခွင့်ရ အကျဉ်းသား (၁၅၃)ဦးနှင့်အကျဉ်းသူ(၄၂)ဦး၊စုစုပေါင်း
(၁၉၅)ဦးအားလွတ်ငြိမ်းခွင့်လက် မှတ်၊ စားစရိတ်၊ လုပ်အားခ၊ ခရီးစရိတ်နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်တို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဉက္ကဋ္ဌသည် ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းကျခံနေသော အကျဉ်းသား(၁၅၃)ဦး၊ အကျဉ်းသူ(၄၂)ဦးအား ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူလွန်ပါက ၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့အား ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ရမည်းသင်းအကျဉ်းထောင်မှ သိရသည်။
အဆိုပါအခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ရမည်းသင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမောင်ရွှေသိန်း
နှင့်ရမည်းသင်းအကျဥ်းဦးစီးဌာနမှ တာဝန်ခံအရာရှိတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ ဆက်)