ကသာ ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့တော်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်များမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များနှင့်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ခရိုင်ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ နီးစပ်ရာ ဆေးထိုးစု ရပ်များတွင် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေးခြင်းဖြင့် အသည်းရောင်အသားဝါ၊ ဆုံစို့၊ ကြက်ညာ၊ ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန် အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုစသည့် ရောဂါများအား ကာကွယ်ပေးကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာ(ပြန်/ ဆက်)