စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် ငွေကျပ် (၂၃၇၈၄၀၀၀၀၀)ကျော် ထုတ်ချေးပြီးဖြစ်

စလင်း သြဂုတ် ၂

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်  မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ  စလင်းမြို့နယ်အတွင်းရှိ  လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား  ယနေ့နံနက်ပိုင်းတွင် တောစိမ့်ကျေးရွာအုပ်စုအတွင်းရှိ  တောင်သူများအား  ဆက်လက်ထုပ်ချေးပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)အုပ်စုတို့မှ တောင်သူများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို  တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့်  စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးနိုင်ခဲ့ပြီး ယနေ့အထိ  ကျေးရွာအုပ်စု(၄၃) အုပ်စုတို့မှ တောင်သူ(၃၉၄၃)ဦးတို့အား  စပါးစိုက်ပျိုးရန်(၁၀၉၁၆)ဧက၊ ဝါစိုက်ပျိုးရန်(၄၀၈)ဧက၊ ပဲတီစိမ်းစိုက်ပျိုးရန်(၄၄၉၈)ဧက နှမ်းစိုက်ပျိုးရန်(၂၅၀၄)ဧက၊ စုစုပေါင်းစိုက်ပျိုးဧက (၁၈၃၂၆)ဧကအတွက် ငွေကျပ် (၂၃၇၈၄၀၀၀၀၀)ကျပ်ကို ထုတ်ချေးပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကအတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ နောက်ဆုံးထား၍  ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရသည်။

မောင်လွင်(စလင်း)