မက်မန်း ဩဂုတ်လ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများ အပိုဝင်ငွေရရှိရေးအတွက် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့က တောင်သူ ဦးညီစန်းဝင်း စိုက်ပျိုးထားသော ပန်းထိမ်မနိုင် ပန်းစိုက်ခင်းသို့ ယမန်နေ့ သွားရောက် ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် မက်မန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့် အဖွဲ့ဝင်များသည် တောင်သူ ဦးညီစန်းဝင်း စိုက်ပျိုးထားသော ပန်းထိမ်မနိုင် ပန်းစိုက်ခင်းသို့ သွားရောက်ကာ ပန်းစိုက်ပျိုးထားရှိမှု၊ မျိုးဥအထွက်နှုန်း၊ ပန်းမျိုးများ ပြန်လည်ဖြန့်ဝေနိုင်မှုအခြေအနေ၊ အခြားစိုက်ပျိုးလိုသူများအတွက် စိုက်ပျိုးနည်းစနစ်များ၊ ထပ်မံတိုးချဲ့၍ စိုက်ပျိုးရမည့် မြေနေရာများကို သွားရောက် ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ထို့နောက် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ပန်းထိမ်မနိုင်ပန်းမျိုးများကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ အမျိုးသမီးများ စိုက်ပျိုးနိုင်ရေး ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)