မိုင်းရှူး သြဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး second booster dose ထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (KG)ကျောင်းသား/သူများအား (Sinopharm)အမျိုးအစား ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခြင်း၊ အသက်(၁၂)နှစ်နှင့် (၁၈)နှစ်အကြား ကျောင်းသား၊ ကျောင်းသူများအား(Sinopharm)အမျိုးအစား ကာကွယ်ဆေး second Booster dose ထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ရာ အဆိုပါ ထိုးနှံပေးမှုကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)