မိတ္ထီလာ သြဂုတ် ၂
မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် မိုးစပါးစိုက်ဧက ၄၆၀၀ ကျော် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်ထိန်းသိမ်းမှု အောက်ရှိ ဆည်တမံကန်များဖြင့် မိုးစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုး လျက်ရှိရာ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးများကို ဆည်ရေကန်ရေဖြင့် စိုက်ပျိုးသွားရန် မိတ္ထီလာကန်ရေဖြင့် ၂၅၅၀ ဧက၊ မုန်တိုင်ဆည်ရေဖြင့် ၃၃၃ ဧက၊ ချောင်းကောက်ဆည်ရေဖြင့် ၁၂၅၆ ဧက၊ မြင်တော်ကန် ကန်ရေဖြင့် ၁၁၃ ဧက၊ ညောင်ကုန်းဆည်ရေဖြင့် ၁၄၅ ဧက၊ လက်ခုပ်ပံ ဆည်ရေဖြင့် ၁၆၄ ဧက၊ ရှမ်းမငယ်ဆည်ရေဖြင့် ဧက ၄၉ တို့ကို စိုက်ပျိုးနိုင်ရန် သတ်မှတ်လျားထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ၊ ကန်ရေ သောက်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းသည့် မျိုးစပါးများကို အဓိက ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယမန်နှစ်က မြို့နယ်အတွင်းရှိ ဆည်များကန်များဖြင့် မိုးစပါးစိုက်ဧက ၅၄၅၆ ဧက စိုက်ပျိုးနိုင်ခဲ့ ကြောင်း သိရသည်။
သိန်းမြင့်ကျော်