ပေါင်မြို့နယ်တွင် အကျဉ်းစခန်း(၃)ခုမှ အကျဉ်းသား(၅၃)ဦး လွတ်ငြိမ်းခွင့်ပြု

ပေါင် ဩဂုတ် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပေါင်မြို့နယ် အကျဉ်းစခန်း(၃)ခုတို့မှ အကျဉ်းသား (၅၃)ဦးအား ယမန်နေ့ နေ့လယ်ပိုင်းက လွတ်ပေးခဲ့သည်။

ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့၀င်များ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများကဆုံးမစကားပြောကြားခဲ့သည်။ လွတ်ငြိမ်း ချမ်းသာခွင့်ပြုရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၅၁/၂၀၂၃)အရ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/သူများအား ရာဇဝတ်ကျင့်ထုံး ၄၀၁၊ ပုဒ်မခွဲ(၁)အရ ” ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်အရ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၁၆)ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၂၉)ဦးနှင့် အင်း‌ဗြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၈)ဦး စုစုပေါင်း(၅၃)ဦးအား အကျဉ်းဦးစီးဌာနမှ ၎င်းတို့၏နေရပ်ဒေသ အသီးသီးသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)