ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်နေရာများနှင့် ဆောင်ရွက်မည့်လုပ်ငန်းနေရာများသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန့်နေ့နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးရွာသွန်းမှုများပါက ရေစီးလမ်းကြောင်းများအတိုင်း ပြန်လည်စီးဆင်းစေရေး၊ ရှေးဟောင်းရေကန်ကြီးများထဲ သို့ရေများ ရေလမ်းကြောင်း ပြောင်းလဲစီးဆင်းနေသည့် ရေစီးလျှိုများကို ရေလမ်းကြောင်း ပြန်လည်ဆယ်ယူပြုပြင်မည့်နေရာများ၊ ရှေးဟောင်းရေကန်များ မတိမ်ကောမပျောက် ပျက်စေရေး ပြန်လည်ဆယ်ယူမည့်ရေကန်များအား ကွင်းဆင်းစစ်ဆေးရာ ဝက်ကြီးအင်းချောင်း သဲနှုန်းများပြန်လည်ဆယ်ယူခြင်း၊ ချောင်းဧရိယာပြန်လည်ချဲ့ထွင်ခြင်း အလျှား ၁၂၅၀ ပေ၊ အကျယ် ၅၀ ပေ၊ အနက် ၅၀ ပေ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစစ်ဆေးခြင်း၊ ညောင်လက်ဖက်ကန် ရေပိုလွှဲနေရာပြုလုပ်မည့်မြေနေရာ ၁၂၁၅ ပေ ကြည့်ရှုစစ်ဆေးခြင်းနှင့် မရိုးကန် သဲနှုန်းဆယ်ယူမည့်နေရာ၊ ရေပိုလွှဲဆောင်ရွက်မည့်နေရာနှင့် ကန်အတွင်း ကန္တရပင်ရှင်းလင်းမည့် အလျား ၁၀၀၀ ပေ၊ အမြင့် ၁၂ ပေ၊ အနံ ၅ ပေ နေရာများကြည့်ရှုစစ်ဆေးခြင်း၊ အလံပုဂံကန်ကြည့်ရှုစစ်ဆေးကြရာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ)မှ ဦးညီမွန်း(ဒုတိယညွှန်ကြားရေးမှူး)၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးမင်းနိုင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒေါ်လှိုင်ဝေဝေဦး(ဦးစီးအရာရှိ)၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးညီညီ(လက်ထောက် ညွှန်ကြားရေးမှူး)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးအောင်မိုးသွင်(AE)နှင့် အီတလီနိုင်ငံ University of Marche မှ ကျွမ်းကျင်ပညာရှင် Dr.MassimoSarti တို့သည် ပုဂံဒေသ၏ ရှေးဟောင်းဒေသ၏ ရေသွင်း/ရေထုတ်လမ်းကြောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရသည်။

ဒီပါလင်း