ညောင်တုန်းမြို့နယ်တွင် လေဘေးသင့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများကွင်းဆင်းထောက်ပံ့

ညောင်တုန်း ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လေ‌ပွေတိုက်ခတ်မှုကြောင့် အမိုးလန် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ကို ကျေးရွာများ ရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မဲဇလီဒလကျေးရွာ အုပ်စုရှိ လေဘေးသင့်ခဲ့သည့် နေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ် (၄၉၀၀၀၀) နှင့် လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၄၈၃၀၀)နှင့် ကယ်ဆယ်ရေး ပစ္စည်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်မျိုးသူ၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ထက်ဝေဖြိုး(ပြန်/ဆက်)