ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း (မြို့မ) ကျောင်း၌ နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ် ဩဂုတ် ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာ အထက်တန်း(မြို့မ)ကျောင်း "မရန်ယောရှု" ဆောင်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းရာ အခြေခံပညာ အထက်တန်း (မြို့မ) ကျောင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြပြီး အခြေခံပညာ အထက်တန်း(မြို့မ) ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က ဘဝအမြင်ခေါင်းစဉ်ဖြင့် လူငယ် များအနေနှင့် မိမိဘဝတွင် ပြဿနာတွေ့ကြုံလာသည့် အချိန်များ၌ အသိပညာ ဗဟုသုတများ ရရှိလာမည့် စာများများ ဖတ်ပြီး ဘဝသင်ခန်းစာ အခက်ခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရေး၊ မိမိဘဝတွင် ခါးသီးသည့် အတွေ့အကြုံများကို စိတ်ဓာတ်မကျ ဇွဲရှိရှိဖြင့် အကောင်းဆုံး ဖြေရှင်းနိုင်ရေး အကျယ်တဝင့် ဟောပြောခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းပြ ဆရာမဒေါ်ဂျာဆိုင်းက အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်သည့် စာအုပ်/ စာပေများဖတ်ရှု လေ့လာရန်နှင့် ပြည်သူ့စာကြည့်တိုက်တွင် အသိပညာ ဗဟုသုတတိုးပွားစေမည့် စာများငှားရမ်း ဖတ်ရှုကြရန် ကျောင်းသား/ ကျောင်းသူများအား ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တာဝန်ခံနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူ မျာအား အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ် လျက် စာအုပ်/စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)