မချမ်းဘော သြဂုတ် ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားပြီး မိခင်နှင့်ကလေးကျန်းမာရေး ဌာနမှ သားဖွားဆရာမ ဒေါ်ဇာခြည်နှင်းလွင်ဦးက ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များတတ် သည့် ကာလနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါ လက္ခဏာနှင့် ဖြစ်ပွားနိုင်သည့်ဆိုးကျိုးများ၊ ရောဂါဖြစ်ပွားနေစဥ် ပြုမူနေထိုင်ရမည့် အချက်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားရလေအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)