မြို့သစ် သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူငယ်ပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနုထွေး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်တို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မှုခင်းကျဆင်းရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းတို့ကို လူငယ်များ သိရှိလိုက်နာစေရန်နှင့် ယဥ်ကျေးလိမ္မာမှုရှိစေရန်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းတို့ကို အသိပညာပေးပြောကြား ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)