ကလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကလော ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ယနေ့ခေတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်း၊ ကျောင်းအုပ် ဦးခွန်စိုးစံက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူငယ်များအသိပညာ၊ အတက်ပညာ ပြည့်စုံရန်လိုအပ်ပြီး လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆို့သည့် ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်း၊ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်တို့ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ၂၆ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)