မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရင်တွင်းသွယ်ဆင်း၊ စီးချင်းဂန္တဝင် ရသစုံကဗျာ စာအုပ်အား ရေးသူ၊ဖတ်သူ စာဖတ်ဝိုင်း ကျင်းပ

မန္တလေး ဩဂုတ် ၃

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ ကလောင်စုံရေးသားသည့် "ရင်တွင်းသွယ်ဆင်း စီးချင်းဂန္တဝင်" စာအုပ်အား ရေးသူ၊ဖတ်သူ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ရေးသူ၊ဖတ်သူ စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြီး ဆရာစောနန်းမြေအောင်က အနန္တငါးဖြာကြီးမြတ်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမင်းမြတ်မိုး(မန်းမြေ)က ဘဝအရေး စမ်းသို့အေးစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမ နုနုကြည်(အမေ့အိမ်)က ကလောင်ကိုင်လက် မျိုးဂုဏ်မြတ်စေ၊ ကျောင်းတော်မှာ၊ ဆည်းဆာကဗျာဖြင့်လည်းကောင်း၊ ဆရာမ ‌ခင်သိန်း(ပုသိမ်ကြီး)က  အမေအိုရဲ့တဲ၊ ပန်းသည်၊ ရာသီ ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ဆရာစိုးဝင်းက ကျေးတောသူ၊ လယ်တောသား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) ဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက ကျောင်းကပွဲ၊ ပန်းသဘာဝ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြကာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိလိုသည်များကို အပြန်အလှန် ဆွေးနွေးကြပါသည်။

ထို့နောက် စာရေးဆရာ မင်းမြတ်မိုး(မန်းမြေ)က ခရိုင်စာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)