ရွှေတောင် သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်/ ကော်ပါ ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စုရှိ မြေဧရိယာ(၀.၉၉) ဧကတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ အဆောက်အဦဆောက်လုပ်နေမှုအခြေအနေများ၊ ရွှေတောင်မြို့မစည်ပင်သာယာစျေးအတွင်း စျေးရုံအမှတ်(၃)နှင့် (၄)တို့ရှိ ပျံကျစျေးတန်း အမိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ဝါးတောကျေးရွာအုပ်စု၊ (အ.လ.က)အမြောက်တပ်(၁၂၀ x ၃၀)ပေ၊ STEEL STRUCTURE ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကျောက်မြင့်ကျေးရွာအုပ်စု၊ (အ.မ.က)ကျောက်မြင့်(၆၀ x ၃၀)ပေ STEEL STRUCTURE ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ ရွာလှကျေးရွာ၊ တောင်သူဦးမျိုးမင်းသိန်း၏ ရွှေနံသာပေါ်ဆန်း(၂)ဧက ပျိုးဗန်းဖြင့်ပျိုးထောင်ထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ဖိုးခေါင်ကျေးရွာနေ ဒေါ်ဝင်းစံပယ်၏ အသားတိုးကြက်ကောင်ရေ(၇၀၀၀)ကောင် မွေးမြူထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်/ကော်ပါဌာနဆိုင်ရာအကြီးအကဲများ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်/ကော်ပါဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ငန်းအကောင်ထည်ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)