ချောက် သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစွယ်တော်ခန်းမတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊လူ ကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ဆိုရှယ်မီဒီယာအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ် ဝင်းလှိုင်က ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့်ပတ်သက်၍ လိုက်နာကြရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိဒေါ်ခိုင်မြတ်နိုးလွင်က မူးယစ်ဆေးဝါးအန္တ ရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများနှင့် ခိုက်ရန်ဖြစ်ပွားမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုးများကိုလည်းကောင်း ဌာနများက အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းရှိကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)