ကျောက်ဆည် ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး (၄၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် ကုလကျေးရွာ တောင်သူ(၂၃)ဦး၊ ကျားကာကျေးရွာမှ တောင်သူ(၃၇)ဦး၊ ပေါက်ကုန်းကျေးရွာမှတောင်သူ(၈)ဦး စုစုပေါင်းတောင်သူ(၆၈) ၏ လယ်မြေ(၄၀၀)ဧကတွင် မိုးစပါးများ စိုက်ပျိုးထားကြောင်း သိရသည်။
နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မိုးစပါးများစိုက်ပျိုးခြင်းဖြင့် တောင်သူများအနေဖြင့် သွင်းအားစုများ ပြည့်ဝစွာ ထည့်သွင်းအသုံးပြုနိုင်ပြီး တစ်ဧကစပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေခြင်း၊ ဈေးနှုန်းနှင့်ဈေးကွက် သေချာခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိစေခြင်းကြောင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာခြင်း၊ စီမံကိန်းတွင်ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ပေါ်ပေါက်လာစေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်မှုရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)