တန့်ယန်း သြဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ အမှတ်(၃)တပ်မတော်ဆေးရုံနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ရှိ ရဟန်းသံဃာ ရှင်သာမနဏများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သြဂုတ်လ ၃ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်မြေခံတပ်နယ်မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး တင့်နိုင်ထွန်းနှင့် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်၊ ဆရာမများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ပူးပေါင်း၍ ရဟန်း (၂၀)ပါး၊ ရှင်သာမဏေ (၁၅၀)ပါး၊ ကျောင်းသား ကျောင်းသူ ကျား(၁၃၀)ဦး၊ မ(၁၃၈)ဦး စုစုပေါင်း (၄၃၈)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)