မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေး
Aug 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ကျေးလက်ဒေသပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေပေါ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင် းအတွင်း၌ လုပ်ငန်းလုပ်ကိုင်သူများ လက်ဝယ်အရောက် ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။