ဟိုပန်မြို့၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၏ ကြက်ခြေနီအသင်းအသစ် ပြန်လည်ဖွဲ့စည်းနိုင်ရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဟိုပန် ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဒုတိယပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဟိုပန်မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၏ ဟိုပန်ကြက်ခြေနီအသင်းအသစ် ပြန်လည်ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လားရှိုးမြို့၊ ဒုတိယပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ ဦးဌေးဝင်းလှိုင်က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်တာများနှင့် (၃)နှစ်တစ်ကြိမ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ ပြန်လည်ဖွဲ့စည်းရသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသိန်းစိုးနိုင်က တပ်ဖွဲ့ ဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး ဟိုပန်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းက ဟိုပန်ကြက်ခြေနီအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကာ EC အဖွဲ့၏ အဆိုပြုလွှာများကို ဒုပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ဟိုပန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်နန်းခမ်းပန်က ကြက်​ခြေနီတပ်ဖွဲ့ဝင်များ တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများနှင့် တပ်ဖွဲ့တွင် လိုအပ်လျက်ရှိသည့် တပ်ဖွဲ့ဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရုံးချုပ်)သို့ ဆက်လက်တင်ပြ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လားရှိုးမြို့၊ ဒုတိယပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုပန်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)