သိန္နီ သြဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ ဒေသနှင့်ကိုက်ညီသော မျိုးစေ့ထုတ်မျိုးသန့်ပွား(၅၃)ဧက၊ မိုးစပါးပန်းတိုင်ထွက်ရှိရေး (၁၃၁၀၇)ဧက လျာထားဆောင်ရွက်ပြီးစီးမှုနှင့် အခြားမိုးသီးနှံများ စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ယခုနှစ်မိုးကာလစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသော မျိုးစေ့ထုတ်မျိုးသန့်ပွား(၅၃)ဧကတွင် ဒီယူ၁၂၊ ဒီယူ၁၆နှင့် မှော်ဘီကောက်ညှင်းမွှေးမျိုးအား မျိုးစေ့ထုတ်အဖြစ်(လယ်) (၅၁)ဧကနှင့် ယာစပါး ၈၈၁ မျိုးသန့်ပွား(၂) ဧကစုစုပေါင်း(၅၃)ဧက စိုက်ပျိုးပြီးမိုး စပါးပန်းတိုင် ထွက်ရှိရေး(၁၃၁၀၇)ဧက လျာထားဆောင်ရွက်လျက်ရှိသည်။ မိုးစပါးပေါင်း (၁၆၄၇ ၆)ဧက လျာထားအနက် လယ်စပါး (၁၀၄၁၂)ဧက၊ ယာစပါး (၈၈၉)ဧကနှင့် တောင်ယာစပါး (၁၃၃၆)ဧ ကစုစုပေါင်း (၁၂၇၆၀)ဧကစိုက်ပျိုးထားရှိပြီးအခြားမိုးသီးနှံများများတွင်အစေ့ထုတ် ပြောင်း(၁၅၀၁၆)ဧက၊ ဖူးစားပြောင်း(၆၈၀)ဧက၊ ပဲပုတ်(၃၁၈)ဧက၊ အခြားပဲ(၁၈၈)ဧက၊ မြေပဲ(မိုး)(၆၂)ဧက၊နှမ်း(မိုး)(၂၃)ဧက၊ သစ်စိမ့်(၁၈)ဧက၊ ကြက်ပေါင်းစေး (၂၀၀၄) ဧက၊ ကြံ(၁၈၉၀)ဧက၊ ကြက်ဆူ(၁၁)ဧက၊ ငငြုပ်(မိုး)(၁၆၀)ဧက၊ အခြားဟင်းခတ်များ (၁၇၉)ဧက၊ ကော်ဖီ(၁၈)ဧက၊ လက်ဖက်(၁၀၃)ဧက၊ ဌက်ပျော်(၁၄၇)ဧက၊ စားဖိုဆောင်သီးနှံ(၁၄၈၀)ဧကနှင့်အခြားမစားသုံးပင် (၂၅၈၄)ဧက စိုက်ပျိုးပြီးစီးကြောင်းသိသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့်အသိပညာများ၊ သီးနှံဖျတ်ပိုးများကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရေးနှင့် ပိုးသတ်ဆေးများအကြောင်း၊ သဘာဝမြေသြာဇာအသုံးပြုနိုင်စေရန် လိုအပ်သည်များကို တောင်သူလယ်သမားများနှင့်အတူ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)