မိုင်းစံမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းစံ သြဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက် (၁၁)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ချယ်ရီ (၁၀၀)ပင်၊ စိန်ပန်း (၂၀၀)ပင် စုစုပေါင်း (၃၀၀)ပင်တို့အား  စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)