မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်

မိုးညှင်း ဩဂုတ် ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲးပြောင်း‌ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ရန်ပုံငွေလွှဲပြောင်းပေးအပ်မည့် ကျေးရွာများအား မိတ်ဆက်ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ၎င်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)ကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအတွက် ငွေကျပ်သိန်း(၁၅၀)ကိုလည်းကောင်း တာဝန်ရှိသူများက ကျေးရွာကော်မတီများထံ ရန်ပုံငွေများ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအတွက် ကျေးရွာနှစ်ရွာဖြစ်ပြီး တစ်ရွာလျှင် ငွေကျပ်သိန်း(၃၀၀)စီနှုန်းဖြင့် လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအတွက် ကျေးရွာ (၈)ရွာဖြစ်ပြီး တစ်ရွာလျှင် ငွေကျပ်သိန်း(၁၅၀)စီနှုန်းဖြင့်လည်းကောင်း စုစုပေါင်းစီမံကိန်းကျေးရွာ (၁၀)ရွာကို ငွေကျပ်သိန်း(၁၈၀၀)တို့ဖြင့် ရန်ပုံ‌ငွေများအသီးသီး လွှဲ‌ပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)