မက်မန်း ဩဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာအုပ်ပြပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက်ပြသခဲ့သည်။
ထိုသို့ ပြသရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတရရှိစေရန်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပုတ္တိစာအုပ်များ၊ အောင်မြင်ကျော်ကြားသော အားကစားသမားများ၊ အနုပညာရှင်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာစာအုပ်များ၊ ကဗျာစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ အထွေထွေဗဟုသုတစာအုပ်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်ရေးအတွက် အခမဲ့ ငှားရမ်းပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)