ကေ့ာကရိတ် သြဂုတ် ၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကေ့ာကရိတ်မြို့၌ သြဂုတ် (၁)ရက်နေ့မှ မိုးအဆက်မပြတ် ရွာသွန်းကာ ဟောင်သရောမြစ်ရေ၊ ဂျိုင်းမြစ်ရေလျှံမှုကြောင့် ကေ့ာကရိတ်မြို့၊ကျုံဒိုးမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက် လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အိမ်ထောင်စု(၅၀)စုတို့အား ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်းသိရသည်။
မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး၊ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရေများဝင်ရောက်နေသည့် အိမ်ထောင်စု(၅၀) စုအား ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် အမှတ် (၁)ရပ်ကွက် ဓမ္မသုခဘုန်းတော်ကြီးကျောင်း၊ အ-ထ-က(ကျုံဒိုး)၊ အမှတ်(၂)ရပ်ကွက်ဓမ္မာရုံသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)