သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သိန္နီ သြဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိသော သန့်ရှင်းရေးလုပ်ငန်းအား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝါဆိုကျောင်းများအလိုက် ဘုရားစေတီများ ရွှေသင်္ကန်းထုံး သင်္ကန်းကပ်လှူပူဇော်နိုင်ရေး၊ လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျထားရှိစေရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံနိုင်စေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်းနှင်းရေး ကိစ္စရပ်များ၊  ပညာရေး၊  ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ လယ်ယာမြေကိစ္စရပ်များ၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)