နမ္မတူ ဩဂုတ် ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် KG တန်း ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အခြေပြု၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် နမ္မတူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ မူလွန်ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း (၇)ကျောင်း၊ စုစုပေါင်း ကျောင်း (၁၀)ကျောင်းတို့ရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင် ထံက သိရသည်။
အဆိုပါ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက ကြီးကြပ်လျက် ကျန်မာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန်လာရောက်သည့် ကျောင်သား၊ ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းကောက်ယူ ဖြည့်သွင်းပေးခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)