ပုသိမ် ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှုးဒေါ်ဒေလီမြင့်၊ ပုသိမ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းတို့သည် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျသဖြင့် ပြိုကျပျက်စီးခဲ့သော ပုသိမ်မြို့၊ အမှတ်(၁၀) ရပ်ကွက်မှ လူနေအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-)နှင့် ကျား/မ လူဦးရေ(၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၈၄၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈၄၀ဝ/-)တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (စက္ကူပုံး)ပါ(၁)ပုံး၊ တန်ဖိုးငွေ(၄၆၀၃၆/-)ကို လည်းကောင်း၊ လေဘေးကြောင့် သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော မရမ်းချောင်းအုပ်စု၊ မြန်မာ မရမ်းချောင်းကျေးရွာရှိ လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၅၀၀၀ဝ/-)၊ ကျား/မ လူဦးရေ (၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၈,၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၅၈,၄၀ဝိ/-) တိတိတို့အား လည်းကောင်း ဘေးသင့်ပြည်သူများ လက်၀ယ်သို့ အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်
ပုသိမ်ခရိုင်(ပြန်/ဆက်)