ဗန်းမောက် သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်မ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် ဆောင်ရွက်သည့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀း၀၀) အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်ထို့နောက် မြို့နယ် Book Clubအဖွဲ့ဝင် ဒေါ်ခင်နွဲ့နောင်းရီက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်ပါအကြောင်းအရာများ ဖြစ့်သည့်လူငယ်လူရွယ်များ အကျင့်စာရိတ္တ
ကောင်းမွန်ကြရန်၊ အသိပညာဗဟုသုတတိုးပွားအောင် စဉ်ဆက်မပြတ် စာပေဖတ်ရှုကြရန်၊ မေတ္တာတရား ထားတတ်ကြရန်၊ ဘဝတိုးတက်အောင် တွေးတောကြံဆ လုပ်ကိုင်ကြရန်နှင့် စသည့် အကြောင်းအရာများကို ဆွေးနွေးဖတ်ကြားပါသည်။
ဆက်လက်၍ စာပေချစ်သူ ဦးရဲအောင်က"လူငယ်နှင့် အမှား" ခေါင်းစဉ်အောက်ရှိ အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်Book Club အဖွဲ့ဝင် ဒေါ်စန်းစန်းက " လူငယ်နှင့်လူမှုရေးအတွေးများ" ခေါင်းစဉ်အောက်ရှိ အကြောင်းအရာများအားလည်းကောင်း၊ စာပေချစ်သူဒေါ်သဲသဲက" လူငယ်နှင့် စူးစမ်းစိတ် "ခေါင်းစဉ်အောက်ရှိအကြောင်း အရာများအားလည်းကောင်း ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်း သို့တက်ရောက်လာကြသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ (ဗန်းမောက်)