ဇေယျာသီရိ ဩဂုတ် ၅
ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာသို့သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဦးလှိုင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးကာလဖြစ်သည့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ အိမ်ခြေ ၄၉၉ အိမ်သို့သွားရောက်ပြီး ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)