ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၂၀၄ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

ဇမ္ဗူသီရိ ဩဂုတ် ၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဩဂုတ် ၃ ရက်တွင် အောင်ဇမ္ဗူရပ်ကွက်၊ နယ်​မြေ(၁၁)၊ အောင်ချမ်းသာ အတွင်းမှ ကျား ၈၅ ဦး၊ မ ၁၁၉ ဦး၊ စုစုပေါင်း ၂၀၄ ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)