ဒိုက်ဦးမြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးကောင်ရေ(၂၀၀၀၀၀) ငါးမျိုး စိုက်ထည့်

ဒိုက်ဦး   ဩဂုတ် ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာ ဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်အတွင်းသို့  ငါးမျိုးစိုက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်  ၉ နာရီအချိန်က နတ်ကင်းကျေးရွာ၊ဦးပွတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးသက်နောင်ဦး ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ဦးတင်ထွဋ်မြင့်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်၊ မြို့နယ် အမျိုးသမီးရေးအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင် နှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးထိန်ဝင်း ၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  မြို့နယ်ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးချစ်သဲအောင်နှင့် အင်းသားကြီးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရေလုပ်သားများစုစု‌ပေါင်း

တက်ရောက်သူဦးရေ(၆၀)ဦးဖြင့်  နှစ်လက်မအရွယ်   ငါးခုံးမကြီးကောင်ရေ(၁)သိန်း၊ငါးမြစ်ချင်းကောင်ရေ(၁)သိန်းအား နတ်ကင်းကျေးရွာရှိ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)