မရမ်းကုန်း သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သွားတိုက်နည်းစနစ်မှန်ကန်စေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၇)၊အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါသွားကျန်းမာရေးအသိပညာပေးရာတွင် သွားတိုက်နည်းစနစ် မှန်ကန်စေရန် ဟောပြောခြင်းနှင့် လက်တွေ့ကလေးငယ်များအား စနစ်တကျသွားတိုက်ပုံ မှန်ကန်မှုရှိစေရန် တစ်ချိန်တည်းသွား တိုက်နည်းများကို ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများမှလိုက်ပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)