ဒူးရင်းဆိပ်ကျေးရွာ ရေဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

သထုံ   ဩဂုတ် ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်းနေပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက (၅)ရက်စာ အခြေခံစားသောက်ကုန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးရှောင်ပြည်သူများအတွက် (၅)ရက်စာ ဆန်(၉)အိတ်၊ ဆီ(၄၁)ဘူး၊ ကြက်ဥ(၉၈၅)လုံး၊ ခေါက်ဆွဲခြောက် တစ်ဦးလျှင်(၅)ထုပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး(၈၇၄၈၀၀)ကျပ်ခန့်ရှိ အခြေခံစားသောက်ကုန်များကို ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဒူးရင်းဆိပ်ကျေးရွာတွင် ရေလုပ်ငန်းလုပ်ကိုင်သူ အများစု‌နေထိုင်ကြပြီး ဒုံသမိချောင်းရေ မြင်တက်လာသဖြင့် ကျေးရွာအနိမ့်ပိုင်း လူနေအိမ်ခြံဝင်းများသို့ ရေအမြင့် ၄ ပေခန့်ဝင်ရောက်လာသောကြောင့် ရေဝင်ရောက်သည့်နေအိမ်များကို ရေလွတ်ရာဖြစ်သည့် ဒူးရင်းဆိပ်ကျေးရွာ တပ်ဦးဘုန်း တော်ကြီးကျောင်းနှင့် ရွာလယ်ဓမ္မာရုံတို့၌ အိမ်ထောင်စု(၄၁)စုမှ လူဦးရေပေါင်း (၁၉၇)ဦးတို့ကို တာဝန်ရှိသူတို့က ပြောင်းရွှေ့နေရာချထားပေးခဲ့ကြပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးအစရှိသည့် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်