ဟုမ္မလင်း ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာတွင် သြဂုတ်(၄)ရက်နေ့၊ နံနက်(၉) နာရီတွင် တောင်သူ ဦးအောင်စိုးလွင်၏ စိုက်ပျိုးပြီးဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်းလယ်၌ကျင်းပပြုလုပ်ခဲ့ရာ မိုးစပါး တင်း(၁၀၀) အထက် ထွက်ရှိရေးစံပြကွက် (၄၅) ဧက ဆောင်ရွက်မည့် တောင်သူများအား ဓါတ်မြေသြဇာ ပံ့ပိုးပေးအပ်ခြင်းနှင့် စပါးသက်တမ်းအလိုက် အမှန်တကယ်လိုအပ်သည့်အာဟာရ ပေးစွမ်းနိုင်သည့် ဓါတ်မြေသြဇာ အမျိုးအစားများအား ထိရောက်စွာသုံးစွဲရေး၊ သဘာဝမြေသြဇာ နှင့် ဓါတ်မြေသြဇာ အချိုးကျ ရောစပ်ကာ အချိန်ကိုက် သုံးစွဲနည်းများကို မြေပြင်ကွင်းဆင်း အသိပညာပေးဆွေးနွေးခြင်းများကို ဝန်ထမ်းများမှ ဆောင်ရွက်ကြပြီး တောင်သူများက သိလိုသည်များ ပြန်လည်မေးမြန်းကာ မိုးစပါးစိုက်ခင်းများ အားကွင်းဆင်းကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းပညာပေးဆွေးနွေးပွဲသို့ ဟုမ္မလင်းမြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့်ဝန်ထမ်း (၆) ဦး၊ တောင်သူ (၃၅) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)