လယ်ဝေး သြဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လယ်ဝေးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူး ဦးအောင်မြတ်ဝင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စတင်ဖွဲ့စည်းပုံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍကြီး ၆ ရပ်၊ သဘာဝသယံဇာတများနှင့် ဂေဟစနစ်များအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကော်မတီဝင်ဌာနအသီးသီးမှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို သုံးသပ်အကြံပြုခဲ့သည်။ ထို့နောက် ဒုခရိုင်အုပ်ချုပ်ရေးမှူးက တင်ပြချက်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည် (ပြန်/ဆက်)